Unicode Version
အလုပ်လုပ်ကိုင်လျက်ရှိသူများမှ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (မနလ) သက်တမ်းတိုးခြင်း
(၁)    သံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော မနလသက်တမ်းတိုးလျှောက်လွှာ (Download - MS-Word   PDF အား ပြည့်စုံစွာ ဖြည့်စွက်တင်ပြရန် ဖြစ်ပါသည်။
(၂)     ကိုယ်ရေးရာဇဝင် နှင့် မနလသက်တမ်းတိုးလျှောက်လွှာ များ အား ရောင်စုံဓါတ်ပုံ(၁)ပုံစီ ကပ်ပါ။ - (Download MS-Word   PDF ) (ဓါတ်ပုံမှာ- 35 x 45 mm အရွယ်အစား၊ ရောင်စုံဓါတ်ပုံ-နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာတွင် ဆံပင်ဖုံးအုပ်ခြင်း မရှိစေရပါ။  မျက်မှန်တပ်ဆင်ထားခြင်းမရှိရပါ။ (၂)လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ရပါမည်။)
 (၃)     လက်ရှိကိုင်ဆောင်ထားသောမနလစာအုပမိတ္တူ နှင့် ယခင်မနလစာအုပ်အဟောင်းများ မိတ္တူ တင်ပြရန် ဖြစ်ပါသည်။ (မနလ၏ ဓါတ်ပုံ နှင့် အချက်အလက်များပါရှိသော ရှေ့စာမျက်နှာ အပါအဝင် အသုံးပြုပြီးသော စာမျက်နှာအားလုံး)
 ()    Resident card မိတ္တူ(၁)စုံ တင်ပြရန် ဖြစ်ပါသည်။
(၅)     လျှောက်ထားသူ၏ မြန်မာသံရုံးသို့ နောက်ဆုံးပေးဆောင်ထားခဲ့သည့် ဝင်ငွေခွန်ပြေစာမိတ္တူ (ဝင်ငွေခွန်ပေးဆောင်ခြင်းကို အသေးစိတ်ဖတ်ရှုရန်)
(က)ဂျပန်နိုင်ငံသို့ရောက်ရှိပြီး အလုပ်မလုပ်ကိုင်မီ ဂျပန်နိုင်ငံတွင် ကျောင်းတက်ခဲ့ဖူး သူဖြစ်ပါက ကျောင်းတက်ခဲ့သည့်ကာလကို ကျောင်းထောက်ခံစာ/ ဘွဲ့လက်မှတ်မိတ္တူ တင်ပြရန်ဖြစ်ပါသည်။
()   လျှောက်ထားသူ အလုပ်လုပ်ကိုင်လျက်ရှိသောလုပ်ငန်းခွင်မှ ဝင်ငွေရရှိကြောင်းအထောက်အထားပါရှိသည့် အလုပ်ထောက်ခံစာ တင်ပြရန် ဖြစ်ပါသည်။
()    မနလလဲလှယ်ကြေးမှာ ယန်း ,၀၀၀/- ဖြစ်ပါသည်။
()    မနလသက်တမ်း(၆)လထက်လျော့နည်း၍ ကျန်ရှိသူများသည် သက်တမ်းတိုးလျှောက်ထားနိုင်မည် ဖြစ်ပါသည်။
()        စာတိုက်မှလျှောက်ထားသူများမှာ နိုင်ငံကူးလက်မှတ် ပြန်လည်ပေးပို့နိုင်ရန်အတွက်  Letter Pack 520 စာအိတ်အလွတ်တစ်အိတ တစ်အိတ်၌ စာတိုက်အမှတ်၊ လိပ်စာ၊ အမည်နှင့် ဖုန်းနံပါတ်များဖြည့်စွက်ပြီး ပူးတွဲ ထည့်ပေးရပါမည်။  လက်ဗွေပုံစံ တွင် လက်ဗွေနှိပ်ခြင်း၊ လိုအပ်သည်များ ဖြည့်စွက်ခြင်း ပြုလုပ်၍ တစ်ပါတည်း ထည့်ပေးရန်ဖြစ်ပါသည်။
(၁၀)        စာတိုက်မှလျှောက်ထားသူများမှ  နိုင်ငံကူးလက်မှတ်မူရင်း တစ်ပါတည်းထည့်ပေးရပါမည်။
()    စာတိုက်မှ လျှောက်ထားစဉ်က ပေးပို့ခဲ့သည့်  Letter Pack 520 စာအိတ်အလွတ်တစ်အိတ ဖြင့် သံရုံးမှ နိုင်ငံကူးလက်မှတ်အသစ်ကို ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။
()     လျှောက်ထားသူများအနေဖြင့် ကျသင့်ငွေများအား Sumitomo Mitsui Bank Corporation (SMBC) Gotanda Branch၊  Current Account #4035008 Myanmar Embassy, Tel: 03-3441-9291 သို့ ပေးသွင်းထားသည့် ဘဏ်ချလံ(မူရင်း) အား လျှောက်ထားသည့်အချိန်တွင် ပူးတွဲတင်ပြရန်ဖြစ်ပါသည်။
()    လျှောက်ထားသူများအနေဖြင့် အထက်ဖော်ပြပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းဆိုင်ရာ စာရွက်စာတမ်းများ စုံလင်စွာဖြင့် လျှောက်ထားရမည်ဖြစ်ပြီး စာရွက်စာတမ်းစုံလင်မှ သံရုံးသို့ စာတိုက်မှ ပေးပို့သွားကြရန်ဖြစ်ပါသည်။
()     လိုအပ်ပါက သံရုံးမှ ထပ်မံတောင်းခံမည့် အထောက်အထားများ တင်ပြရမည် ဖြစ်ပါသည်။
မနလ - သာမန်မြန်မာနိုင်ငံကူးလက်မှတ်
Zawgyi Version
 အလုပ်လုပ်ကိုင်လျက်ရှိသူများမှ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း
(၃)     လက်ရှိကိုင်ဆောင်ထားသောမနလစာအုပမိတ္တူ နှင့် ယခင်မနလစာအုပ်အဟောင်းများ မိတ္တူ တင်ပြရန် ဖြစ်ပါသည်။ (မနလ၏ ဓါတ်ပုံ နှင့် အချက်အလက်များပါရှိသော ရှေ့စာမျက်နှာ အပါအဝင် အသုံးပြုပြီးသော စာမျက်နှာအားလုံး)
(၄)    Resident card မိတ္တူ(၁)စုံ တင်ပြရန် ဖြစ်ပါသည်။
(၅)    လျှောက်ထားသူ၏ နောက်ဆုံးပေးဆောင်ထားခဲ့သည့် ဝင်ငွေခွန်ပြေစာမိတ္တူ (ဝင်ငွေခွန်ပေးဆောင်ခြင်းကို အသေးစိတ်ဖတ်ရှုရန်)
(၆)    လျှောက်ထားသူ အလုပ်လုပ်ကိုင်လျက်ရှိသောလုပ်ငန်းခွင်မှ ဝင်ငွေရရှိကြောင်းအထောက်အထား တင်ပြရန် ဖြစ်ပါသည်။
(၇)    မနလလဲလှယ်ကြေးမှာ ယန်း ၅,၀၀၀/- ဖြစ်ပါသည်။
(၈)    မနလသက်တမ်း (၆)လထက် လျော့နည်း၍ ကျန်ရှိသူများသည် သက်တမ်းတိုးလျှောက်ထားနိုင်မည် ဖြစ်ပါသည်။
(၁၁) စာတိုက်မှ  လျှောက်ထားစဉ်က ပေးပို့ခဲ့သည့် Letter Pack 520 စာအိတ်အလွတ်တစ်အိတ်ဖြင့် သံရုံးမှ နိုင်ငံကူးလက်မှတ်အသစ်ကို ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။
(၁၂)     လျှောက်ထားသူများအနေဖြင့် ကျသင့်ငွေများကို Sumitomo Mitsui Bank Corporation (SMBC)၊ Gotanda Branch၊ Current Account #4035008 ၊Myanmar Embassy, Tel: 03-3441-9291 သို့ ပေးသွင်းထားသည့် ဘဏ်ချလံ(မူရင်း)အား လျှောက်ထားသည့်အချိန်တွင် ပူးတွဲတင်ပြရန် ဖြစ်ပါသည်။
(၁၃)    လျှောက်ထားသူများအနေဖြင့် အထက်ဖော်ပြပါ Passport သက်တမ်းတိုးခြင်းဆိုင်ရာ စာရွက်စာတမ်းများ စုံလင်စွာဖြင့် လျှောက်ထားရမည်ဖြစ်ပြီး စာရွက်စာတမ်းစုံလင်မှ သံရုံးသို့စာတိုက်မှ ပေးပို့သွားကြရန်ဖြစ်ပါသည်။
(၁၄)    လိုအပ်ပါက သံရုံးမှ ထပ်မံတောင်းခံမည့် အထောက်အထားများ တင်ပြရန် ဖြစ်ပါသည်။